Windows-7 အသုံးပြုသူတွေအတွက် နည်းပညာ တချို့ပါ အပိုင်းလိုက် ခွဲခြား တင်ပြထားပါတယ်။ ကိုယ်နှစ်သက်ရာအပိုင်းကို လေ့လာလို့ ရပါတယ် အားလုံးကိုလေ့လာစေချင်ပါတယ် တစ်ခုနဲ့ တစ်ခု ဆက်စပ်မှု ရှိနေလို့ ပါ။
1. Create the Batch File ( Batch File ကိုတည်ဆောက်ခြင်း )
[1] Notepad ကိုဖွင့်ပါ ။ စာတန်းနှစ်တန်းလောက်ပဲ ရိုက်ရပါမယ်။
cd C:\Users\%username%\AppData\Local rmdir/S/Q Temp
အဲဒီဖိုင်ကို cleantemp.bat ဆိုပြီး Save လုပ်ထားလိုက်မယ်။ ပြီးရင်အဲ့ဒီ ဖိုင်ကို Double Click လုပ်လိုက်တာနဲ့ Temporary ဖိုင်တွေရှင်းပြီးသွားသလို လုပ်ရကိုင်ရ လွယ်ပြီး ကွန်ပျူတာအတွက် ကောင်းသွားပါလိမ့်မယ် ။
နောက်တစ်နည်းကတော့
[2] Windows Key + R = Run ကိုဖွင့် temp ဆိုတဲ့ စာလေးကိုရိုက်ပြီး Enter ခေါက်။ ပြီးရင် အထဲမှာရှိတဲ့ ဖိုင်တွေကို Ctrl + A နဲ့ Select ပေးပြီး Shift + Del ကီးနဲ့ ဖျက်ပါမယ်။ပြီးရင် OK ကိုခေါက်ပါ ။
အကယ်၍ ERROR ပြလာတယ်ဆိုရင် အပေါ်ဆုံး ဖိုင်ကနေ တစ်ခုချင်းစီ SELECT ကိုဖျက်ပြီး Shift + Del ကိုဆက်တိုက်လုပ်သွားပါ။ ဖိုင်တချို့ တော့ကျန်ခဲ့ပါလိမ့်မယ်။ အဲ့ဒါက ဖျက်မရတဲ့ ဖိုင်တွေပါ ။ ဒါပေမဲ့ အဲ့ဒါက စက်ကို ဟန်းအောင် မလုပ်နိုင်ပါဘူး။ ပြီးရင် Alt + F4 နဲ့ ပြန်ထွက်ပါ ။ အဲ့ဒီပုံစံအတိုင်းပဲ
1.temp, 2.%temp% , 3 recent , 4.prefetch, 5. cookies ,
စတဲ့ ဖိုင်တွေကို တစ်ပတ် တစ်ခါလောက် ရှင်းပေးနိုင်ရင် သင့်ကွန်ပျူတာနဲ့ အလုပ်လုပ်ရတာ အဆင်ပြေ ချောမွေ့ပါ လိမ့်မယ်ခင်ဗျာ။
မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/
Source:http://myowin9.blogspot.com/
0 comments:
Post a Comment