Home » , , » Android ဖုန်းတွေအတွက် Root လုပ်နည်း

Android ဖုန်းတွေအတွက် Root လုပ်နည်း

Written By မောင်စေတနာ on Saturday, September 29, 2012 | 1:20 PM

iPhone တွေမှာ Jailbreak လုပ်ထားမှသာ စိတ်ကြိုက် Crack App တွေ၊ Myanmar Font တွေသွင်းလို့ ရသလို Android တွေမှာလဲ Myanmar Font တို့ ဘာတို့ သွင်းချင်ရင် Root လုပ်ပေးရပါတယ်။ Android Phone တွေအတွက် ဖုန်းအမျိုးအစားပေါ်မူတည်ပြီး Root လုပ်နည်းအမျိုးမျိုးရှိပါတယ်။

ကျွန်တော်အခုတင်ပြမယ့် root လုပ်နည်းက z4root ကိုသုံးပြီး root လုပ်တဲ့နည်းလေးပါ။ Android Version 2.3.3 တွေကိုတော့ z4root နဲ့လုပ်လို့မရပါဘူး။ z4root ကဖုန်းတိုင်းနဲ့လဲ မကိုက်ညီပါဘူး။ z4root နဲ့ root လုပ်လို့ရမယ့် ဖုန်းအမျိုးအစားတွေကိုအောက်မှာဖော်ပြပေးလိုက်ပါမယ်။

Samsung Galaxy S (All variants) Backflip Sony Xperia X10 Sony Xperia Mini Drod 2 Galaxy Tab Galaxy I5700 Galaxy 3 I5800 Droid X Samsung Acclaim Cricket Huawei Ascend Motorola Cliq Huawei 8120 Hero Optimus T Droid 1 (z4root 1.2.1) Garmin Asus A50 Motorola Defy LG Ally

အဲဒီဖုန်းအမျိုးအစားတွေကိုပဲ z4root နဲ့ root လုပ်လို့ ရပါတယ်။

1. z4root App လေးကို အရင် download ဆွဲလိုက်ပါ။ (Download - z4root 3.0.1)

2. မိမိဖုန်းထဲမှာ z4root ကို install လုပ်ပါမယ်... မိမိ Android ဖုန်း၏ Menu တွင် File Manager ကို ရှာပါ။ ဝင်ပါ။ အဲဒီမှာ ခုနက ကူးထည့်ထားတဲ့ Z4root.apk မှာ တစ်ချက်နှိပ်ပါ။ Install လုပ်ပါ။ Install လုပ်ပြီးနောက် Application အား တန်းသုံးလိုပါက Open လုပ်နိုင်သလို Done မှာ နှိပ်ပါက Application ထည့်သွင်းမှု ပြီးဆုံးသွားပါမည်။


3. ဖုန်းထဲမှာ z4root ကိုဖွင့်လိုက်ပါ...




4. ဒီအဆင့်မှာ Root လုပ်ဖို့ အတွက် ရွေးချယ်စရာ နှစ်ခုရှိပါမယ်။ Temporary Root နဲ့ Permanent Root ပါ။ Permanent root ကိုပဲရွေးပေးလိုက်ပါ။ Temporary Root ကိုရွေးပေးမယ်ဆိုရင် ဖုန်းကို Power ပိတ်ပြီး ပြန်ဖွင့်ခဲ့ပါက root လုပ်ထားတာတွေအကုန်ပျက်သွားပါလိမ့်မယ်။

5. Permanent root ကိုရွေးပေးပြီး ဖုန်း root လုပ်နေချိန်ကိုခဏစောင့်ပါ။ ခဏနေရင် restart ဖြစ်သွားပါလိမ့်မယ်။ Power ပြန်ပွင့်လာလို့ရှိရင် မိမိရဲ့ဖုန်းထဲမှာ Super User ဆိုတဲ့ App လေးတစ်ခုတိုးလာလိမ့်မယ်။ ဒါဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ root လုပ်ပြီး သားဖုန်းဖြစ်သွားပါပြီ။



Root လုပ်ပြီးပြီဆိုတော့ ကြိုက်ရာ Android Application တွေ၊ မြန်မာဖောင့်တွေ၊ မြန်မာလက်ကွက်တွေနှင့် တခြားကလိစရာတွေ အများကြီးထည့်သွင်း အသုံးပြုနိုင်ပါပြီ။ ဒါပေမဲ့ ကိုယ်ဖုန်းက Root လုပ်ပြီးသုံးနေတာဆိုတာကိုလဲ မမေ့ပါနဲ့လေ...။

Root လုပ်ထားတော့ ကိုယ်ဘာလုပ်လုပ် အတားအဆီး မရှိ ကလိလို့ ရနေမှာပါ။ တချို့ System အပိုင်းတွေကို ထိခိုက်သွားမယ်ဆိုရင်တော့ စာရေးသူနှင့် မည်သို့မှ မသက်ဆိုင်ပါလေ...။ :)

မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/

Ref : Myanmar Mobile Development
Source:http://pyaesonelay.blogspot.com
Share this article :

1 comments:

Labels

Advertise (1) Android (8) Apk (6) Astrologe (1) Blog (1) Book (1) Browser (6) Cartoon (2) Computer (27) Dictionary (1) Download (11) E-Book (2) Facebook (4) Firefox (3) Folder (2) Folder Lock (1) Games (7) Gmail (2) Gmail Hack (1) Gtalk (2) Guides (5) Hacking (1) Interview (2) Introduce (1) Liters (1) Malaysia (3) Mobile (5) Music (2) Office Tip (2) Password (2) Photo (3) Photo Editor (2) Player (1) Portable (1) Proxy (1) Reader (1) Shortcut (1) Shredder (1) Software (26) Technique (63) Templates (2) Tool (1) USB (1) Video (6) Video Cutter (1) Video Recorder (1) Video Upload (1) Virus (3) VLC Player (1) Web Development (1) Wifi (2) Window 7 (13) Windows (1) Zawgyi Font (2)

Popular Posts-1

Facebook ,Like လုပ်ပြီးဖုန်း APK များ စုစည်းမှုများကို ရယူနိုင်ပါသည်။

မလေးရှား စံတော်ချိန်

သတင်းဖတ်ရန် ရုပ်ရှင်ကြည့်ရန်

အကြံညဏ်ပေးရန် ...

အကြည့်အများဆုံး TV လိုင်းများ - 2

Free Online Radio (Malaysia)

www.nayzawlin.com/

လို ချင် တာ ရှာ ကြည့် ရန် ။



















Powered by Blogger.
 
နေဇော်လင်း - ORMM(Malaysia News)
Copyright © နေဇော်လင်း (နည်းပညာများ)
နေဇော်လင်း(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
1.1.2014 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။