Home » , , » WINDOWS - 7 USER GUIDE PART ( III )

WINDOWS - 7 USER GUIDE PART ( III )

Written By မောင်စေတနာ on Wednesday, October 10, 2012 | 12:34 AM

Task bar ရဲ့ Notification Area ကိုထိန်းချုပ်ခြင်း

အားလုံးကပြောကြလိမ့်မယ်ခင်ဗျ ။ ကျွန်တော်ဟာဘာလို့ Windows XP အကြောင်း မဆွေးနွေးဘဲ Windows 7 ကိုပဲ ဆွေးနွေးပါလိမ့်ပေါ့။ ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော့်မှာ Window 7 အကြောင်းပဲ စုဆောင်း ထားတာရှိလို့ ပါ။ (အဟီး... အလကားစတာပါခင်ဗျာ) ခု လူတော်တော်များများ အသုံးပြုတဲ့ OS (Operating System) က အဲ့လိုပြောလိုက်ရုံနဲ့ တင် Windows 7 ပဲလို့ သိကြပါလိမ့်မယ်။

လူတော်တော်များများဟာ Windows 7 ကို အသုံးပြုနေကြပေမယ့် သူ့ ရဲ့ ပုန်းကွယ်နေတဲ့ System တွေကိုတော်ရုံတန်ရုံနဲ့ သတိမထားမိကြလို့ ကျွန်တော်က စုဆောင်းထားတဲ့ဟာတွေထဲက Windows 7 အကြောင်းကိုပဲဆွေးနွေးပေးရတာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာ အားလုံး ဆန္ဒရှိမယ် ဆိုရင်တော့ Windows XP အကြောင်းလေးကို ဆွေးနွေးပေးပါမယ်ခင်ဗျာ။

ကဲစလိုက်ကြရအောင်နော်

Notification Area ဆိုတာက အောက်ခြေ ညာဘက် အစွန်လောက်မှာ ရှိတယ် System ရဲ့ သတိပေးချက်တွေ၊ alert လုပ်တာတွေကိုဖော်ပြပေးရတယ်။ ဥပမာ - နောက်ကွယ်က ဘယ်လို ပရိုဂရမ်တွေ Run နေတယ်ဆိုတာကအစ အဲဒီနေရာမှာ သိနိုင်တယ်။ Windows ရဲ့လျှို့ဝှက်ချက် တွေ အများဆုံး နေရာလို့ ပြောနိုင်တယ်။

အကောင်းဆုံးပြန်ပြီး စီစဉ်ချင်တယ်ဆိုရင်တော့ .....

1 - ညာဘက်အစွန်ဆုံးနားလောက်မှာ up arrow ခေါင်းလေးကို Click လုပ်လိုက်တာနဲ့ Customize ဆိုတဲ့ Box လေးပေါ်လာလိမ့်မယ်။ အဲ့ဒီ ထဲက Application တိုင်းဟာအလွယ်ကူဆုံး Run နိုင်အောင်စီစဉ် ပေးထားတာတွေပဲ။ Customize ကို Click လုပ်လိုက်ရင် ဘယ် icon ကိုဖော်ပြပေး ၊ ဘယ် icon ကို ဖျောက်ပေး အားလုံးစီစဉ်နိုင်တယ် ။ ပြောင်းပြီးရင် OK ကို Click ပါ ။

2 - အဲဒီညာဘက်အောက်ခြေမှာပဲ Clock ; Volume ; Network ;Power တွေကို လည်း ပြင်ဆင်ထိန်းချုပ် နိုင်တယ် ။ Customize ကိုနှိပ်လိုက်လို့ ပေါ်လာတဲ့ Window ထဲမှာ အောက်ခြေနားက Turn System On or Off ဆိုတာကို Click ထပ်လုပ်လိုက်ရင် Clock ; Volume ; Network ; Power တွေကို အဖွင့် အပိတ် လုပ်နိုင်တဲ့ Window ထပ်ပေါ်လာလိမ့်မယ် ။ အဲဒီထဲကနေပြီးတော့လည်း ထိန်းချုပ်နိုင်တယ် ။ ပြီးရင်တော့ OK လုပ်ပေါ့။

မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/

Source:http://myowin9.blogspot.com
Share this article :

0 comments:

Post a Comment

Labels

Advertise (1) Android (8) Apk (6) Astrologe (1) Blog (1) Book (1) Browser (6) Cartoon (2) Computer (27) Dictionary (1) Download (11) E-Book (2) Facebook (4) Firefox (3) Folder (2) Folder Lock (1) Games (7) Gmail (2) Gmail Hack (1) Gtalk (2) Guides (5) Hacking (1) Interview (2) Introduce (1) Liters (1) Malaysia (3) Mobile (5) Music (2) Office Tip (2) Password (2) Photo (3) Photo Editor (2) Player (1) Portable (1) Proxy (1) Reader (1) Shortcut (1) Shredder (1) Software (26) Technique (63) Templates (2) Tool (1) USB (1) Video (6) Video Cutter (1) Video Recorder (1) Video Upload (1) Virus (3) VLC Player (1) Web Development (1) Wifi (2) Window 7 (13) Windows (1) Zawgyi Font (2)

Popular Posts-1

Facebook ,Like လုပ်ပြီးဖုန်း APK များ စုစည်းမှုများကို ရယူနိုင်ပါသည်။

မလေးရှား စံတော်ချိန်

သတင်းဖတ်ရန် ရုပ်ရှင်ကြည့်ရန်

အကြံညဏ်ပေးရန် ...

အကြည့်အများဆုံး TV လိုင်းများ - 2

Free Online Radio (Malaysia)

www.nayzawlin.com/

လို ချင် တာ ရှာ ကြည့် ရန် ။



















Powered by Blogger.
 
နေဇော်လင်း - ORMM(Malaysia News)
Copyright © နေဇော်လင်း (နည်းပညာများ)
နေဇော်လင်း(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
1.1.2014 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။