Home » , » Safe Mode အသုံးပြုပုံ အကြောင်း

Safe Mode အသုံးပြုပုံ အကြောင်း

Written By မောင်စေတနာ on Sunday, January 29, 2012 | 11:20 AM

Windows 95 မှာကတည်းက စပြီးအသုံးပြုခဲ့တာဖြစ်ပါတယ် Windows ကိုပုံမှန် တက်တဲ့ ဘက်ကနေ မတက်ပဲနဲ့ safe mode ကိုတက်ပြီးဘာကြောင့်အသုံးပြုရတာလဲ.. ဘယ်လို အခြေနေမျိုးမှာ အ သုံး ပြုရလဲဆိုတော့ ဥပမာ video VGA card တစ်ခုစိုက်လိုက်တယ်။

စိုက်လိုက်တဲ့  card ကို driver တင် ပေးရပါတယ် အဲလို driver တင်ပေးလိုက်သော်လည်း normal mode မှာ အလုပ်မလုပ်ပဲနဲ့ အပြာ ရောင် screen တက်လာတဲ့ အခါမျိုးကျရင်ပဲဖြစ်ဖြစ် ပုံမှန် အသုံးပြုနေကျဝင်းဒိုးဘက်မှာ software တစ်ခုကို ဘယ်လိုနည်းနဲ့ မှ uninstall လုပ်လို့ အဆင်မပြေရင်ပဲဖြစ်ဖြစ် safe mode ကနေ ၀င်ရောက်ပြီးပြုပြင်ပေးလို့ ၇ပါတယ်။

ကွန်ပျူတာ troubleshooting အတွက် အသုံးဝင်သော mode တစ်ခုဖြစ်ပါတယ်….safe mode ထဲကိုဝင်ရောက်ဖို့ အတွက် F8 ကီးကို အသုံးပြု ရပါတယ်.. ၀င်ရောက်ဖို့ အတွက် computer ကိုRestart ချပြီးတာနဲ့ ပြန်အတက်မှာ F8 ကီးကိုနိုပ်ပေးခြင်းဖြင့် ၀င်ရောက်ရပါတယ်..safe mode ကိုရောက်သွား ပြီဆိုရင် အောက်က ပုံအတိုင်းမြင်ရပါမယ်...





















နောက် safe mode ကို F8 ကီးကို မနိုပ်ပဲနဲ့  msconfig မှာပြင်ပြီးတော့လည်းဝင်လို့ ရပါတယ်..ပြင်နည်း ကတော့

1.Go to Start - Run and type or paste MSCONFIG then press enter
2.Click on the the Boot.ini tab
3.Click the box for /SAFEBOOT to select it
4. Minimal should be selected, if not select it
5.Click Apply then OK ..



















(safe mode ကိုအသုံးပြုပြီးပြီဆိုရင် ဒီ msconfig ထဲ setting တွေကို နဂိုပုံမှန် အတိုင်းပြန်ထားပေးပါ..ထိုသို့ မဟုတ်ပါက safe mode ကိုချည်းပဲအမြဲတမ်းဝင်နေပါလိမ့် မယ်)





















ကီးဘုတ်မှ up/down arrow key ဖြင့်ရွေးချယ်ပြီးဝင်ရောက်နိုင်ပါတယ်။ Safe Mode ကွန်ပျူတာက normal အတိုင်းဝင်းဒိုးမတက်တော့ဘူးဆိုရင် safe mode ကိုအသုံးပြုပါတယ်..safe mode ကနေ boot optionေ၇ွးချယ်တဲ့အခါ..အသုံးပြုနေတဲ့ services တွေကို မလိုအပ် တာ တွေဖြုတ်လိုအပ်တာတွေကို ထည့်သွင်းဖို့ လုပ်ချင်တဲ့ အခါ.. windows system ကို change ချင်တဲ့အခါ..hardware devices တွေနဲ့  driver တွေကို uninstall လုပ်ချင်တဲ့ အခါမျိုးတွေမှာဆိုရင် ဒီ safe mode ကိုအသုံးပြုပါတယ်။


Safe Mode with Networking Networking နဲ့ ပတ်သက်တဲ့ configuration တွေကို ဒီ option ကသိမ်းဆည်းထားပေးပါတယ်..မိမိဘာသာ မိမိပြင်ချင်တယ်ဆိုရင် ဒီနေရာကနေပြင်နိုင်ပါတယ်.. Safe Mode with Command Prompt ဒီ option က command line တွေကို အသုံးပြုပြီးလုပ်ကိုင်ရတဲ့  option ဖြစ်ပါတယ်..ဒီoption ကိုအသုံးပြုမယ်ဆိုရင် command line တွေကို လေ့လာထားရပါတယ်..အဲဒီcommand lineတွေကို သိထားမှသာလျင် မိမိ ခိုင်းချင်တဲ့ target ကိုရောက်မှာဖြစ်ပါတယ်။

Enable Boot Logging ဒီ enable boot logging option က boot process အတွက် log file တွေကို ဖန်တီးပါတယ် အဲဒီ files တွေကိုပြန်ပြီး တော့ကြည့်နိုင်ပါတယ်။ Enable VGA mode ဒီ option က VGA driver ရဲ့  standard ပါ..တကယ်လို့ များ VGA ကကြောင်းအမျိုးမျိုးကြောင့် problem တက်လာခဲ့မယ် ဆိုရင် ဒီ Enable VGA mode ကနေ လာရောက်ပြုပြင်နိုင်ပါတယ်။

Last known Good configuration ဒီ configuration ကဘာလဲဆိုတော့ registry မှနောက်ဆုံး အကောင်းဆုံးအသုံးပြုခဲ့တဲ့  windows setting တွေကို သိမ်းဆည်း ထားပေးပါ တယ်..တကယ်လို့များ မိမိက windows configuration တစ်ခုခုကိုပြောင်းလဲခဲ့မယ်..ပြီးတဲ့အခါ restart ချလိုက်လို့ ပြန်မတက်လာတော့ပဲနဲ့ restart မှာတင်ပဲပတ်ချာလည်ဖြစ်နေတတ်ပါတယ် အထူးသဖြင့် ctrl+alt+del ဆိုတဲ့ message ပဲပေးပြီးဖြစ်နေတတ်တဲ့ အချိန်အခါမျိုးတွေမှာဆိုရင် ဒီ last known good configuration ကိုအသုံးပြုနိုင်ပါတယ်။

ဒီ configuration မှာလည်းမိမိက hardware new driver တင်လိုက်တာ driver ကမှန်မှန်ကန်ကန် အလုပ်မလုပ်တော့တဲ့ အခါမျိုးဆိုရင်လည်းအသုံးပြု လို့ ရပါတယ် နောက်ဆုံးအသုံးပြုခဲ့တဲ့  good registry saved ကို မှတ်သားထားတဲ့ အတွက်ကြောင့် သူကိုရွေးချယ်ပြိးတာနဲ့ ပုံမှန်နဂို အကောင်းအတိုင်းအသုံးပြုလို့ ရနိုင်ပါတယ်။

Directory Services Restore Mode ဒီ option က user မှ ဘာမှလုပ်စရာမလိုအပ်ပါ..services တွေရဲ့ domain controller အဖြစ်ထားရှိပါတယ်။ Debugging Mode ဒီ option တွင်လည်း user သည် windows programmer မဟုတ်သည့်တိုင် ဘာမျှလုပ်ပေးစရာမလိုအပ်ပါ..windows programmer များသာလျင် ကွန်ပျူတာ windows program troubleshoot ပြုလုပ်ရာတွင်အသုံးပြုပါတယ်။

Start Windows Normally ဒီ mode ကတော့ ၀င်းဒိုးကို ပုံမှန်အသုံးပြုတဲ့ အတိုင်းရွေးချယ်ခြင်းဖြင့် မိမိအသုံးပြုနေကျဝင်းဒိုးကိုဝင်ရောက် မှာဖြစ်ပါတယ်။ Reboot Restart ပြန်ချပါတယ်..operating system အားအစမှပြန်လည်လုပ်ဆောင်စေခြင်းဖြစ်ပါတယ်။ Return to OS choices menu Operation system နှစ်ခု သုံးခု တင်ထားတဲ့ အခါမျိုးတွေမှာဆိုရင် OS ကို ရွေးချယ်ဖို့ အတွက်ဖြစ်ပါတယ်.. သက်ဆိုင်တဲ့  OS ကို ပြင်ဆင်ဖို့  ပြန်လည်ရွေးခိုင်းဖို့ ဖြစ်ပါတယ်။

အထူးသဖြင့် အောက်တွင် ပြထားသော mode များသည် အသုံးများ ဆုံးနဲ့ အသုံးဝင်ဆုံး mode တွေဖြစ်ပါတယ်..
Safe Mode
Safe Mode with Command Prompt
Enable VGA mode
Last known Good configuration
Start Windows Normally
Safe mode သည် hardware သမားတိုင်းရဲ့ trouble shooting tools တစ်ခုဖြစ်ပါတယ်။ Safe mode ကို တစ်ထောင့် တစ်နေရာမှ အဆင်ပြေပြေအသုံးပြုနိုင်ကြပါစေ။

Source by : http://ayarnyinaung.blogspot.com/
Share this article :

0 comments:

Post a Comment

Labels

Advertise (1) Android (8) Apk (6) Astrologe (1) Blog (1) Book (1) Browser (6) Cartoon (2) Computer (27) Dictionary (1) Download (11) E-Book (2) Facebook (4) Firefox (3) Folder (2) Folder Lock (1) Games (7) Gmail (2) Gmail Hack (1) Gtalk (2) Guides (5) Hacking (1) Interview (2) Introduce (1) Liters (1) Malaysia (3) Mobile (5) Music (2) Office Tip (2) Password (2) Photo (3) Photo Editor (2) Player (1) Portable (1) Proxy (1) Reader (1) Shortcut (1) Shredder (1) Software (26) Technique (63) Templates (2) Tool (1) USB (1) Video (6) Video Cutter (1) Video Recorder (1) Video Upload (1) Virus (3) VLC Player (1) Web Development (1) Wifi (2) Window 7 (13) Windows (1) Zawgyi Font (2)

Popular Posts-1

Facebook ,Like လုပ်ပြီးဖုန်း APK များ စုစည်းမှုများကို ရယူနိုင်ပါသည်။

မလေးရှား စံတော်ချိန်

သတင်းဖတ်ရန် ရုပ်ရှင်ကြည့်ရန်

အကြံညဏ်ပေးရန် ...

အကြည့်အများဆုံး TV လိုင်းများ - 2

Free Online Radio (Malaysia)

www.nayzawlin.com/

လို ချင် တာ ရှာ ကြည့် ရန် ။



















Powered by Blogger.
 
နေဇော်လင်း - ORMM(Malaysia News)
Copyright © နေဇော်လင်း (နည်းပညာများ)
နေဇော်လင်း(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
1.1.2014 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။